ရွှေတောင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ နေအိမ် ၅၄ လုံးနှင့်အထည်စက်ရုံဂို ဒေါင် ၁ လုံးတို့ပျက်စီးဆုံးရှုံး

0
192

ပဲခူးတိုင်း၊ရွှေတောင်မြို့နယ်တွင် ဧပြီ ၂၂ ရက်ည ၆ နာရီ ၁၅ မိနစ်ခန့်က မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သည်ဟု ရွှေတောင်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ်များ၊စက်ရုံအဆောက်အဦးနှင့်သစ်ပင်များလဲကျခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ရွှေတောင်မြို့နယ်ရှိ သရက်တောရပ်ကွက်၊ကျီးသဲကျေးရွာအုပ်စု၊သာစီကုန်းကျေးရွာအုပ်စု၊ဆည်ကြီးကုန်းကျေးရွာအုပ်စု၊မြို့မကျေးရွာအုပ်စု၊ဒုရင်ဒုဘိုကျေးရွာအုပ်စု၊နွားခြံကုန်းကျေးရွာအုပ်စု၊သရက်သုံးပင်ကျေးရွာအုပ်စုတို့မှ နေအိမ် ၆ လုံးပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

“အိမ် ၆ လုံးကတော့လုံးဝပြိုကျသွားတယ် နောက်ထပ် နေအိမ် ၄၈ လုံးက အမိုးတွေ ကာထားတဲ့ထရံတွေ ကွာထွက်ပျက်စီးသွားပါတယ် ရန်ကုန်- ပြည်ကားလမ်းက အမှတ်(၁)အထည်စက်ရုံပိုင်ဂိုဒေါင် ၁ လုံးလည်း အမိုးလန်ပျက်စီးသွားတယ် လေဘေးသင့်တွေအတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေဆက်တိုက်လုပ်ဆောင်ပေးနေပါတယ် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိခဲ့ပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ လေဘေးသင့်ပြည်သူများ ယာယီနေထိုင်နိုင်ရန်နှင့်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်အဆောက်အဦးများအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ရန် မြို့နယ်တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here