စက်ဘီးတစ်စီးအား ကားတစ်စီးမှတိုက်ပြေးမှုဖြစ်ပွားခဲ့

0
333

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး နှင့် ဇိနမာရ်အောင်ဘုရားလမ်းထိပ်အနီး တွင် စက်ဘီးအား ကားတစ်စီးမှတိုက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၂၂ ရက် ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် စက်ဘီးစီးလာသည့်လူနာအမျိုးသား(၁)ဦး(မျက်ခုံးကွဲ)နှင့်အမျိုးသမီး(၁)ဦး(ဦးခေါင်းထိခိုက်ဒါဏ်ရာရ) တို့အား မြေပြင်ကုသမှုပေးပြီး ထိုလူနာများအား ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း ၊ ပေးဆပ်သူ လူမှုကူညီရေးအသင်း(မိတ်ဖက်) တို့မှ လူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here