ကျောက်မြောင်းအရှေ့ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ အဖွားအိုတစ်ဦးမီးခိုးမွှန် ၍ အသက်ရှုကြပ်ခဲ့

0
201

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ကျောက်မြောင်းအရှေ့ရပ်ကွက်၊မြို့သစ်(၂)လမ်းရှိ တိုက်ခန်းတစ်ခုတွင် ဧပြီ ၂၃ ရက်နေ့လည် ၃ နာရီ ၃၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်အား တာမွေမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်မေတ္တာအလင်းလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာ ရီ ၃၈ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တဲ့အချိန်က ခနလေးပဲ ပျက်စီးမှုတော့များသွားတယ် မီးသတ်ကတော့လိုအပ်တာတွေစစ်ဆေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်၌ အသက်(၁၀၀)နှစ်ခန့်ရှိ အဖွားတစ်ဦးမှာ မီးခိုးမွှန်၍အသက်ရှူကြပ်သွားသဖြင့် မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ ပြုစုကုသပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here