ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ် မေလ ၁ ရက်တွင် MAI လေကြောင်းလိုင်းမှ ပြန်လည်ပျံသန်းမည်

0
273

မေလ ၁ ရက်နေ့တွင် ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ကို MAI လေကြောင်းလိုင်းမှ ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို အပတ်စဉ် တနင်္လာနှင့် တနင်္ဂနွေ တွင်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မှ မြန်မာစံတော်ချိန် မနက် ၇ နာရီ ၄၀ အချိန်တွင်စတင်ထွက်ခွာမည်ဖြစ်ပြီး ဒူဘိုင်းသို့ ယင်းစံတော်ချိန် မနက် ၁၀ နာရီ ၅၅မိနစ် အချိန်တွင်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တနင်္လာနေ့တွင်ရန်ကုန်မှ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး ဒူဘိုင်းလေဆိပ်သို့ ည ၉နာရီ ၅ မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်လက်မှတ်ခနှုန်းထားမှာ US ဒေါ်လာ ၄၆၈ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here