မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ- ၁၇ အသင်း ယနေ့ည ၈ နာရီခွဲတွင် အိမ်ရှင်ကာဂျစ္စတန်အသင်းနှင့် ယှဥ်ပြိုင်ကစားမည်

0
172

၂၀၂၄ ခုနှစ် အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ၏ ပထမ အ ဆင့် ခြေစစ်ပွဲ အဖွင့်ပွဲစဥ်အဖြစ် မြန်မာ့လက်ရွေးစင်အ မျိုးသမီး ယူ – ၁၇ အသင်းနှင့် အိမ်ရှင် ကာဂျစ္စတန်အသ င်းတို့ ယနေ့ဧပြီ (၂၄) ရက် ည (၈) နာရီခွဲတွင် ဘစ်ရှ်ကက်မြို့ရှိ Dolen Omurzakov ဘောလုံးကွင်းတွင် ယှဥ်ပြိုင်က စားသွားမည်ဖြစ်သည်။

“၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအ ဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် (၂) လလောက်သာရပေမယ့် ၊ အကောင်းဆုံးကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အသင်းက ကစားသမားအများစုက ဂျပန်နိုင်ငံကိုသွားပြီး ခြေစမ်းကစားထားတဲ့ အတွေ့အကြုံရှိထားပါတယ်။ ကာဂျစ္စတန်က အိမ်ရှင်ဖြစ်တာကြောင့် အထူးပြင် ဆင်ထားမှာဖြစ်သလို အိန္ဒိယကလည်း တိုးတက်လာတဲ့ အသင်းဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ တစ်ပွဲချင်း အာရုံ စိုက်ပြင်ဆင်ထားပါတယ်။ အကောင်းဆုံးရ လဒ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု နည်းပြချုပ် ဦးသန်းဝေက ပြောကြားထားသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ – ၁၇ အသင်းသည် ဧပြီ (၂၈) ရက်ည (၈) နာရီခွဲတွင်လည်း အိန္ဒိယနိုင်ငံအ သင်းနှင့် ထပ်မံယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ၏ ပထမ အဆင့်ခြေစစ်ပွဲစဥ်များအား ကာဂျစ္စတန်နိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ဧပြီ (၂၄) ရက်မှ (၂၈) ရက် အထိကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here