Myanmar National League II 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲကို အသင်း (၁၀) သင်း ဖြင့် ယနေ့စတင်ကျင်းပမည်

0
321

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် Myanmar National League II 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း (၁၀) သင်းဖြင့်ယနေ့ ဧပြီလ (၂၄) ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရာသီကြို ပြင်ဆင်မှုများဖြင့် ယခုနှစ်မှ စတင်ဖွဲ့စည်းယှဉ်ပြိုင်သည့် ကလပ်အသင်းသစ်များနှင့် ယခင် မြန်မာနေရှင်နယ်လိဂ် (၂) ပြိုင်ပွဲ အတွေ့အကြုံရှိ အသင်းများ ပြန်လည်ဖွဲ့စည်း ယှဉ်ပြိုင်လာမှုတို့ကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာမည့် ပြိုင်ပွဲအခင်းအကျင်းကို မြင်တွေ့ရမည်ဟုဆိုသည်။

Myanmar National League II 2023 ပွဲဦးထွက် Week 1 တွင် သစ္စာအားမာန်အသင်းနှင့် ဂျူနီယာလိုင်းယွန်းအသင်း၊ မြန်မာနေရှင်နယ်လိဂ် (၂) တစ်ကျော့ပြန် Silver Stars အသင်းနှင့် ရက္ခပူရယူနိုက်တက်၊ မောရဝတီအသင်းနှင့် Port FCတို့၏ ပွဲစဉ်များအပြင် အသင်းသစ်အချင်းချင်း တွေ့ဆုံမှုအဖြစ် Glory Goal အသင်းနှင့် Golden Grit အသင်းတို့ ပွဲစဥ်နှင့် ရွှေပြည်သာအက်ဖ်စီအသင်းနှင့် ယူနီ ဗာစတီအသင်းတို့ ပွဲစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် (၂) ပွဲစဉ်များကို စလင်းကွင်းနှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ပြီး National League II YouTube Channel မှ တိုက်ရိုက်ပြသသွားမည်ဟု သိရသည်။

ပုံစာ – Myanmar National League II ယှဉ်ပြိုင်ရန်လေ့ကျင့်နေကြသည့် အသင်းများ


LEAVE A REPLY

Please enter your comment!
Please enter your name here