ပုဇွန်တောင်ဘူတာတွင် နှာခေါင်းသွေးထွက်လွန်သေဆုံးနေသည့် အိမ်ခြေမဲ့ အမျိုးသားတစ်ဦးအလောင်းတွေ့ရှိ

0
165

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်ဘူတာတွင် ယနေ့ ဧပြီလ ၂၄ ရက် နံနက်ပိုင်းက နှာခေါင်းသွေးထွက်လွန်သေဆုံးနေသည့် အိမ်ခြေမဲ့ အမျိုးသားတစ်ဦးအလောင်းတွေ့ရှိခဲ့ရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်၊ ပုဇွန်တောင်ဘူတာ ပလက်ဖောင်းပေါ်ရှိ လူကူး တံတားအောက်တွင် အသက် ၃၀ အရွယ်ရှိ အိမ်ခြေမဲ့ အမျိုးသားအလောင်းတွေ့ရှိကြောင်း သတင်းပေးဆက်သွယ်လာသည့်အတွက် မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်း မှ ရောက်ရှိ၍ ကျီတော်အသင်းနှင့်ပူးပေါင်းချိတ်ဆက်ကာ လိုအပ်သည်များဆောင်ရွက်ခဲ့ရသည်။

” ကျွန်မတို့မြင်ရတာတော့ နှာခေါင်းသွေးထွက်လွန််ပြီးသေတဲ့ ပုံစံမျိုးရှိတယ်၊ သွေးတွေက အောက်မှာအိုင်နေတာ၊ ထိုက်လျက်သေဆုံးနေတာပါ” ဟု မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာ၀န်ရှိသူတစ်ဦး ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ထို့ကြောင့် မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်၍ PR နံပါတ် 060 ဖြင့် စနစ်တကျအပ်နှံ၍ ကူညီကုသိုလ်ယူခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here