လာမည့် ဧပြီလ (၂၇) ရက်နေ့တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းထုတ်ပြန်မည်

0
457

အခြေခံပညာ အတန်းများဖြစ်သည့် KG မှ Grade – 11 အထိ အောင်စာရင်းများကို လာမည့်ဧပြီလ (၂၇)ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး ရာနှုန်းပြည့်နီးပါး အောင်ချက်ကောင်းမွန်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွင်း စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများ သည် ဧပြီလ(၂၇) ရက် စာမေးပွဲ အောင်စာရင်းထုတ်ပြန်မှုအပြီး KG+12 စနစ်သစ် ပညာရေးကို လာမည့်ပညာသင်နှစ်တွင် သင်ကြားရမည်ဖြစ်သည်။

လာမည့် ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် စနစ်သစ်ပညာရေးဖြင့် စတင်တက်ရောက်မည့် KG တန်း ကျောင်းသား ကျောင်းသူများသည် အထက်တန်းပညာ ပြီးဆုံးသည်အထိ စုစုပေါင်း ပညာသင်နှစ် (၁၃) နှစ်အထိ တက်ရောက် ပညာသင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ KG+12 ပညာရေးစနစ်သစ် မှာ သူငယ်တန်း (KG ) အဆင့်ပြီးပါက မူလတန်းအဆင့်အဖြစ် ပထမတန်း (Grade1) မှ ပဉ္စမတန်း (Grade5)အထိ (၅) နှစ် တက်ရော က်ရမည်ဖြစ်ပြီး အလယ်တန်းအဆင့်ကို ဆဋ္ဌမတန်း (Grade 6) မှ နဝမတန်း (Grade 9)အထိ (၄)နှစ်နှင့် အထက်တန်းအဆင့်ကို ဒသမတန်း (Grade 10)၊ ဧကဒသမတန်း (Grade 11)၊ နဲ့ ဒွာဒသမတန်း (Grade12) အထိ (၃) နှစ်တတ်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here