မန္တလာမင်း ခရီးသည်ယာဉ်လိုင်းက လျှပ်စစ်ကား (EV EXPRESS) ဖြင့် ရန်ကုန်-နေပြည်တော်- မန္တလေး ခရီးစဉ်ပြေးဆွဲမည်

0
489

မန္တလာမင်း ခရီးသည်ယာဉ်လိုင်းမှ ရန်ကုန်-နေပြည်တော်- မန္တလေး ခရီးစဉ်ကို လျှပ်စစ်ကား (EV EXPRESS) ဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်လမ်ကြောင်းကို လျှပ်စစ်ကား (EV EXPRESS) ကား ၈ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါ ကားတွေထဲမှ ၂ စီးသည် ဇွန်လအတွင်း မြန်မာပြည်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာပြည်တွင် ပထမဦးဆုံးအဖြစ် မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းသည် ပထမဆုံး VIP EV EXPRESS ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများအခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်းတံတားအားလုံးတွင် လျှပ်စစ်သုံးယာဉ်များ လမ်းတံတား အသုံးပြုခကို ၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီး အသုံးပြုခကောက်ခံခြင်းမပြုထားကြောင်း သိရသည်။

ယင်းအပြင် အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here