အိမ်ရှင် ကာဂျစ္စတန်ကို အနိင်ရခဲ့သည့် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်း

0
239

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် ယမန်နေ့ည အိမ်ရှင် ကာဂျစ္စတန်နှင့် ယှဉ်ပြိုင်ကစားရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့တွင် ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အုပ်စု (F)အဖြစ် အိမ်ရှင် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပွဲအစ ၃ မိနစ်တွင်ပင် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ပွဲပြီးဆုံးခါနီးအချိန်တွင် ပင်နယ်တီလွဲချော်ခဲ့သည့်အတွက် ပြတ်သားသည့် အနိုင်ရလဒ် မထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည်အိန္ဒိယ အသင်းနှင့် ဧပြီ ၂၈ တွင် ဆက်လက်ယှဉ်ပြိုင်ကစားရဦးမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here