ယခုဘဏ္ဍာနှစ်အစ (၂) ပတ်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၃၆ ဒသမ ၅၂ သန်းရရှိထား

0
220

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃၆ ဒသမ ၅၂ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

အဆိုပါ ပို့ကုန်ရ‌ငွေသည် ဧပြီလ (၁) ရက်မှ (၁၄) ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေများဖြစ်ပြီး စက်မှုကုန်ချောတင်ပို့မှုမှ ကန်ဒေါ်လာ ၂၈၈ ဒဿမ ၈၅ သန်းဖြင့်အများဆုံး တင်ပို့ထားကြောင်း သိရသည်။

ထို့အပြင် လယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၂ ဒဿမ ၂၉သန်းဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ သိရသည်။

အလားတူ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၁၂ ဒဿမ ၉၁ နှင့် အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၀၃ သန်း၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၁၁ သန်း၊ သ စ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂ ဒဿ မ ၂၄ သန်း၊ တိရိစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒဿမ ၀၈ သန်း စသဖြင့် ပို့ကုန်ဝင်ငွေများရရှိထားခြင်းလည်း ဖြစ်သည်။

ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း နှင့် CMP(အထည်အလိပ်)များကို ပြန်လည်တင်သွင်းလျက်ရှိ‌ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Photo Credit – Myanmar Logistics Guide


LEAVE A REPLY

Please enter your comment!
Please enter your name here