စင်္ကာပူနှင့်တရုတ်ရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မည်

0
218

စင်္ကာပူ၊ဧပြီ ၂၄

စင်္ကာပူနှင့်တရုတ်ရေတပ်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကိုပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။အဆိုပါစစ်ရေးလေ့ကျင့်မှုအား ဧပြီ ၂၈ မှ မေ ၁ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်း စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“စင်္ကာပူသမ္မတနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ဆက်လက်ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံခြားရေတပ်များနှင့် ဘက်စုံစစ်ရေးလေ့ကျင့်မှုများ အပြန်အလှန်ပြုလုပ်လေ့ရှိသည်” ဟုလည်းပြောကြားခဲ့သည်။

စင်္ကာပူနှင့်တရုတ်တို့၏စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြားနွေးထွေးချစ်ကြည်ရင်းနှီးစေသည့် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးကို အလေးအနက်ပြုကာ တပ်မတော်နှစ်ခုအကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးကိုလည်း တိုးမြှင့်ပေးနိုင်ကြောင်း စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်ကချုပ်ဆိုခဲ့သော နှစ်နိုင်ငံကာကွယ်ရေးမြှင့်တင်မည့်သဘောတူညီချက်အရ ကြည်း၊ရေ၊လေတပ်များအကြား စစ်ရေးလေ့ကျင့်မှုများမြှင့်တင်သည့်အနေဖြင့် စင်္ကာပူနှင့်တရုတ်တို့သည် လွန်ခဲ့သည့်နှစ်နှစ်ကလည်း တောင်တရုတ်ပင်လယ်အတွင်းရှိ နိုင်ငံတကာရေပိုင်နက်အတွင်း၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သေးသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here