ဆူဒန်၌ပိတ်မိနေသူနိုင်ငံသားများကိုကယ်တင်မည့် အော်ပရေးရှင်းကာဗရီအား အိန္ဒိယစတင်ပြုလုပ်

0
105

နူးဒေလီ၊ဧပြီ ၂၄

အိန္ဒိယနိုင်ငံသည် ပဋိပက္ခများဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံမှ ၎င်း၏နိုင်ငံသားများအား ကယ်တင်နိုင်ရန် အော်ပရေးရှင်းကာဗရီအမည်ရှိ စစ်ဆင်ရေးတစ်ခုအား တနင်္လာနေ့မှစတင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျေးရှန်ကာကမူ အိန္ဒိယ၏သင်္ဘောနှင့်လေယာဉ်များဖြင့် နိုင်ငံသားများအား ပြန်လည်ခေါ်ယူရန်ပြင်ဆင်နေပြီဖြစ်ကာ ယခုအချိန်၌စစ်ဆင်ရေးကာဗရီအား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းဆိုခဲ့သည်။

စစ်ဆင်ရေးကာဗရီလုပ်ဆောင်နေစဉ်အတွင်း ယခုအချိန်အထိ အိန္ဒိယနိုင်ငံသားအယောက် ၅၀၀ ခန့်သည် ဆူဒန်ဆိပ်ကမ်းသို့ရောက်ရှိနေပြီဖြစ်ကာ ကျန်သူများသည်လည်း ၎င်းတို့နေထိုင်ရာနေရာများမှ ထွက်ခွာလာနေပြီဖြစ်ကြောင်း၎င်းကဆိုသည်။

ဆူဒန်၌ပိတ်မိပြီးသောင်တင်နေသောအိန္ဒိယနိုင်ငံသားများအား ဘေးလွတ်ရာသို့ကယ်ထုတ်နိုင်ရန်အတွက် ဆော်ဒီအာရေးဗျနိုင်ငံ ဂျဒ်ဒါမြို့၌ IAF ၏ ခရီးသည်တင်လေယာည်နှစ်စင်းနှင့် ဆူဒန်နိုင်ငံရှိအဓိကဆိပ်ကမ်းတစ်ခု၌ ရေတပ်သင်္ဘောတစ်စင်းတို့အားပို့ဆောင်နေရာချထားကြောင်း တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

သောကြာနေ့ကအိန္ဒိယအစိုးရ၏ပြောကြားချက်အရ ဆူဒန်တစ်နိုင်ငံလုံး၌ အိန္ဒိယနိုင်ငံသား ၃,၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အားလုံးဘေးကင်းရေးအတွက် ဦးစားပေးစီစဉ်ဆောင်ရွက်နေကြောင်းသိရှိရသည်။ဆူဒန်၌ လွန်ခဲ့သည့် ၁၁ ရက်မှစကာ နိုင်ငံ၏စစ်တပ်နှင့်စင်ပြိုင်တပ်ဖွဲ့တို့အကြားတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားမှုကြောင့် လူပေါင်း ၄၀၀ ခန့်သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။

Source : Mathrubhumi


LEAVE A REPLY

Please enter your comment!
Please enter your name here