မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

0
218

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၁) လမ်း၊ (၂၈) လမ်း နှင့်(၂၉)ကြားတွင် ယနေ့ ဧပြီလ (၂၅) ရက် မွန်းလွဲ (၁) နာရီ ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာကာ Level 1 အဆင့် ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုမှာ (၁)နာရီ (၄၄) မိနစ်အချိန်တွင် မီးထိန်းနိုင်ပြီး (၁) နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – East Marlar Volunteer Fire Brigade


LEAVE A REPLY

Please enter your comment!
Please enter your name here