မန္တလေးတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်နေ

0
241

ယခုရက်ပိုင်းအတွင်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မန္တလေးမြို့ပေါ် မြို့နယ်အချို့က ရပ်ကွက်များတွင် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံရကာအခက်အခဲများရှိနေကြောင်း ဒေသတွင်း လူမှုကူညီရေး အဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် မန္တလေးမြို့တွင်းက သုံးရေပြတ်လတ်နေမှုဖြစ်‌ပေါ်နေသည့် ရပ်ကွက်များကို လူမှုကူညီရေး အသင်းအဖွဲ့များက နေ့ရော/ ညပါ ရေပေးဝေကူညီမှုများဆောင်ရွက်နေရကြောင်း မန္တလေးအခြေစိုက် မဏီစလ လူမှု/နာမှုကူညီရေးအသင်းမှ သိရသည်။

“ တနေ့ကို ရပ်ကွက် (၁၂) ရပ်ကွက်၊ (၁၅) ရပ်ကွက်လောက်ကို ရေပေးနေရတယ်။ အဲဒါ (၃)ရက် လောက်ရှိပြီ။ မီးကလည်းပျက်၊ ရေကလည်း ပျက်ဆိုတော့၊ တစ်မြို့လုံးကို ရေက မလာတာ။ မီးကလာလို့ရှိရင်လည်း (၅) မိနစ်လောက်ဆိုပျက်သွားရော။ တစ်ခါတစ်လေကျရင် တနေကုန်ကို ပျက်တာ။ ကျွန်တော်တို့က ရေတွင်းတူးထားတာဆိုတော့ ပုံလေးတွေနဲ့ခပ်ပြီးတော့ ပေးတယ်”ဟု မဏီစလ လူမှု/နာမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သောက်သုံးရေ အခက်အခဲဖြစ်နေခြင်းကို မြို့ခံ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီရေးအသင်းများ အနေဖြင့် နေ့စဉ် ရေဂါလံသောင်းနှင့်ချီ၍ လှူဒါန်းနေရကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးမြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့ရှိ ရပ်ကွက်အများစုများသည် မီးအပြတ်ဆုံးမြို့နယ်များဖြစ်သည့် အတွက် ရေလိုအပ်ချက်လည်း အများဆုံးဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here