ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၁)ဦးတွေ့ရှိ

0
226

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ဧပြီ ၂၅ ရက်ည ၈ နာရီ၌ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၇၁)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဧပြီ ၂၄ ရက်ည ၈ နာရီမှ ၂၅ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅၂၁၃ ခုအားစစ်ဆေးခဲ့ရာမှ ဓာတ်ခွဲအတည်ပြုလူနာသစ်(၇၁)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၀ ဒသမ ၄၇)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၃၁၆၄၈၆)ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်(၁၉)ဓာတ်ခွဲအတည်ပြုလူနာပေါင်း (၆၃၄၄၇၁) ဦးရှိပြီဖြစ်၍ ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြန်လည်ကောင်းမွန်လာသူ (၆၁၄၇၁၆)ဦး ရှိပြီဖြစ်ကာ သေဆုံးသူ(၁၉၄၉၀)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here