တရုတ်၏ စစ်ရေးတိုးချဲ့မှုလျှို့ဝှက်ချက်နှင့်ပတ်သက်၍ ဗြိတိန်သတိပေး

0
166

လန်ဒန်၊ဧပြီ ၂၅

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလက်ဗာလီက ငြိမ်းချမ်းရေးကာလတွင် ပေကျင်း၏အကြီးမားဆုံးစစ်ရေးတည်ဆောက်မှုနှင့်ပတ်သက်၍ တရုတ်အနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိရှိပြုလုပ်ရန် တိုက်တွန်းမည်ဖြစ်ကြောင်းသိရသည်။

အကယ်၍ ပွင့်လင်းမှုမရှိဘဲ လျှို့ဝှက်ထားပါကအဆိုပါလျှို့ဝှက်ချက်သည် ဆိုးရွားသောအယူအဆအမှားကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

လန်ဒန်ဘက်မှ ပေကျင်း၏ စစ်ရေးနှင့်စီးပွားရေး အားကောင်းလာမှုအပေါ်  ပိုမိုစိုးရိမ်လာသကဲ့သို့ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့်လည်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ခဲ့သဖြင့် ဗြိတိန်နှင့်တရုတ်ကြား ဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်လာခဲ့သည်။

ပြင်သစ်၊ဂျာမနီနှင့်စပိန်ခေါင်းဆောင်များသည် ပြီးခဲ့သည့်ခြောက်လအတွင်းက တရုတ်သို့လာရောက်ခဲ့ကြပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားစုနိုင်ငံနှင့်ထိတွေ့ဆက်ဆံရန်ကြိုးပမ်းခဲ့ကြသည်။

သို့သော် အမေရိကနှင့်ဗြိတိန်တို့ကမူ ပေကျင်းအား ၎င်းတို့၏အကျိုးစီးပွားကို ထိခိုက်လာစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ယူဆထားသဖြင့် အဝေးမှသာ ခပ်တင်းတင်းဆက်ဆံခဲ့သည်။

ယခုအချိန်၌ မစ္စတာကလက်ဗာလီကမူ တရုတ်နိုင်ငံကိုသီးခြားခွဲထုတ်ရန် ကြိုးစားခြင်းသည် အမှားအယွင်းတစ်ခုသာဖြစ်ပြီး ရာသီဥတုပြောင်းလဲလာမှု၊ကပ်ရောဂါကာကွယ်ရေး၊စီးပွားရေးတည်ငြိမ်မှုနှင့် နျူပြန့်ပွားမှုကဲ့သို့သော နယ်ပယ်များ၌ ပေကျင်းနှင့်ထိတွေ့ဆက်ဆံမှု လိုအပ်သည်ဟုပြောကြားခဲ့သည်။

ယခုကဲ့သို့ပြောကြားသော်လည်း ဗြိတိန်အနေဖြင့် ၎င်း၏ နိုင်ငံတော် လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ပြီး နိုင်ငံတကာစည်းမျဥ်းများကို ချိုးဖောက်ခြင်း နှင့် လူ့အခွင့်အရေးများချိုးဖောက်ပါက ပေကျင်းအားတုံ့ပြန်မည်ဟုလည်း ၎င်းကဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here