သာကေတ ရှုခင်းသာလမ်းမကြီးပေါ်တွင် အိမ်စီးကားမှစက်ဘီးအားတိုက်မိပြီး (၁) ဦး သေဆုံး (၁) ဦးဒဏ်ရာရ

0
205

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်တွင် ဧပြီ (၂၅) ရက် ညပိုင်းက လူ (၂) ဦးစီးလာသည့် စက်ဘီးအား ကားဖြင့် ဝင်တိုက်မိသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန် နေ့ ည(၉) နာရီ (၁၅) မိနစ် ဝန်းကျင်က သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး အတိုင်းမောင်းနှင်လာသည့် အိမ်စီးကားသည် ဝေဇယန္တာ လမ်းထိပ်အရောက်တွင် ရှုခင်းသာလမ်းမကြီးပေါ်မှ လမ်းထဲသို့ ချိုးကွေ့သည့် အ မျိုးသား (၂) ဦး စီးနင်းလာသည့် စက်ဘီးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သတင်းရတာနဲ့ ချက်ချင်း မိတ်ဖက်အသင်းတွေနဲ့အတူသွားပြီး ကူညီပေးခဲ့ပါတယ်။ သေဆုံးသွားတဲ့ကောင်လေးက ကျွန်တော်တို့ ရောက်တဲ့အချိန် မသေသေးဘူး။ အချိန်မီ မြေပြင်ကုသမှုတွေ လုပ်ပေးပေမယ့် ကုသပေးနေတုန်း သွေးထွက်လွန်ပြီး သေဆုံးသွားတာပါ” ဟု အခ င်းဖြစ်နေရာသို့ သွားရောက်ကူညီပေးခဲ့သည့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဖြစ်စဉ်မှာ ရှုခင်းသာလမ်းမကြီးအတိုင်းအရှိန်ဖြင့် မော င်းနှင်လာသည့် အိမ်စီးယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် လမ်းလယ်တုံးများကြားမှ ဖြတ်ထွက်လာသ ည့် စက်ဘီအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်တွင် အသက်(၃၀)နှစ်ခန့်ရှိ စက်ဘီးဖြင့် လိုက်ပါလာသည့် အမျိုးသားတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အောင်နိုင်သူလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here