ယခုနှစ် ထိုင်ဝမ်၏စစ်ရေးလေ့ကျင့်မှု၌ ပိတ်ဆို့မှုအားဖောက်ထွက်ရေးနှင့် တိုက်ခိုက်စွမ်းရည်ထိန်းသိမ်းရေးအဓိကထားလေ့ကျင့်မည်

0
171

တိုင်ပေ၊ဧပြီ ၂၆

ထိုင်ဝမ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော စစ်ရေးလေ့ကျင့်မှုအတွင်း ယခုနှစ်၌မူ ကျွန်းပိတ်ဆို့ခြင်းအားဖောက်ထွက်ရန်နှင့် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထိန်းသိမ်းရန်အဓိက‌လေ့ကျင့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်အား ၎င်းပိုင်နက်အဖြစ်ယူဆထားသောတရုတ်သည် ထိုင်ဝမ်သမ္မတဆိုင်နှင့် ကန်‌အောက်လွှတ်တော်ဥက္ကဌတို့၏ နူးယော့ခ်၌ တွေ့ဆုံမှုအပြီး၌ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ကျွန်းပတ်လည်ပိတ်ဆို့မှုများက်ု တိုက်ခိုက်ရေးကိုလည်းထည့်သွင်းလေ့ကျင့်ခဲ့သည်။

ထို့ကြောင့် ယခုနှစ်အတွက် ထိုင်ဝမ်၏စစ်ရေးလေ့ကျင့်မှု၌ ကျွန်းကိုဝန်းရံပိတ်ဆို့ခံရပါက ဖောက်ထွက်နိုင်မည့်နည်းလမ်းနှင့် တပ်ဖွဲ့များ၏တိုက်ခိုက်ရေးစွမ်းရည် ထိန်းသိမ်းခြင်းများကိုပါ ထည့်သွင်းလေ့ကျင့်ခြင်းလည်းဖြစ်သည်။

ထိုင်ဝမ်အနေဖြင့် တာဝေးပစ်ဒုံးကျည်များနှင့် ဒရုန်းများကဲ့သို့သော ပစ္စည်းအသစ်များအား ရင်းနှီးမြှုပ်နှံကာ မဝင်မနေရစစ်မှုထမ်းခြင်းကို တစ်နှစ်ထပ်မံသက်တမ်းတိုးခြင်းဖြင့်လည်း ၎င်း၏ခံစစ်စွမ်းရည်ကို မြှင့်တင်ရန်ကြိုးစားနေခဲ့သည်။

ယေဘုယျအားဖြင့် ထိုင်ဝမ်၏စစ်အင်အားသည် အမေရိကန်ထုတ်ပစ္စည်းများ၊ လေ့ကျင့်သင်ကြားပေးမှုများဖြင့် အဆင့်မနိမ့်လှသော်လည်း တရုတ်ကမူ ၎င်းထက်အင်အားသာလွန်နေပြီး ကိုယ်ပျောက်လေယာဉ်ကဲ့သို့သောပစ္စည်းများပါ ရှိနေသည်ကိုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here