သကြားနှင့်ပြောင်းများတင်လာသည့် ကုန်တင်ရထားလမ်းချော်မှု တပ်ကုန်းမြို့နယ်တွင်ဖြစ်ပွား

0
170

နေပြည်တော်၊တပ်ကုန်းမြို့နယ်ရှိ မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းတွင် ဧပြီ ၂၆ ရက်(ယနေ့) နံနက် ၁၀ နာရီခန့်က သကြားနှင့်ပြောင်းများတင်လာသည့် ကုန်တင်ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်။

ရထားတွဲဆိုင်း ၃၂ ဆိုင်းပါဝင်သည့် ကုန်တင်ရ ထားသည် သကြားနှင့်ပြောင်းများတင်ဆောင်၍ တပ်ကုန်းမြို့နယ်ရှိ ရွှေမြို့ဘူတာမှနေပြည်တော်ဘူတာကြီးသို့ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းအတိုင်းထွက်ခွာလာစဥ် ရထားလမ်းမိုင်တိုင်အမှတ် ၂၄၆ အရောက်၌ လမ်းချော်သွားခဲ့ခြင်းဖြစ်သည်။

“ကုန်ရထားလမ်းချော်သွားတော့ ရထားလမ်းမှာ အစုန်/အဆန်သွားမယ့် ရထားတွေအချိန်ခနလောက်တော့ပိတ်သွားတယ် အဲဒါနဲ့ လမ်းချော်သွားတာကိုရှင်းနေတုန်းမှာ အစုန်/အဆန် နှစ်မျိုးလုံးက အဆန်တွဲရှောင်လမ်းကနေသွားလာခဲ့ရတယ်”ဟု ရထားလမ်းရှင်းလင်းရေးပြုလုပ်ရာတွင်ပါဝင်သည့် ရထားဝန်ထမ်းတစ်ဦးကပြောသည်။

ကုန်တင်ရထားလမ်းချော်မှုဖြစ်စဥ်တွင် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ ကုန်တင်ရထားနှင့်ရထားလမ်းပျက်စီးမှုရှိ/မရှိအား မြန်မာ့မီးရထားမှတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ကာ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here