သာကေတရုပ်ရှင်ရုံထိပ်အနီးတွင် အပူချိန်မြင့်တက်၍ အမျိုးသား ၁ ဦးလဲကျကာ ကုသပေးနေစဥ်သေဆုံးသွား

0
240

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးပေါ်ရှိ ရုပ်ရှင်ရုံထိပ်တွင် ဧပြီ ၂၆ ရက် (ယနေ့)ည ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

မြင်တော်သာလမ်းမကြီးပေါ်ရှိ ရုပ်ရှင်ရုံထိပ်အနီးတွင် အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသား ၁ ဦးလဲကျနေကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မိတ်ဖက်အသင်းများနှင့်အတူ သွားရောက်ကူညီခဲ့ကြသည်။

“ခန္ဓာကိုယ်အပူရှိန်မြင့်တက်ပြီး တက်တာတွေဖြစ်နေလို့ မြေပြင်ကုသမှုပေးနေတုန်းမှာပဲ သေဆုံးသွားတာပါ အောင်မေတ္တာဆေးခန်းက ဆရာဝန်နဲ့အဲဒီနားက ဆိုက်ကားဆရာအကိုတစ်ယောက်ကလည်း ဝိုင်းပြီးကူညီပေးခဲ့ပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ယခုလကုန်ခါနီး၌ တိုင်းနှင့်ပြည်နယ်အနှံ့တွင် အပူချိန်များမြင့်တက်နေသဖြင့် သွားလာနေသူများတွင် ခန္ဓာကိုယ်အပူရှိန်မြင့်တက်ပြီး မူးဝေလဲကျခြင်းများဖြစ်ပေါ်မှုများနေသဖြင့် သွားလာရာ၌ အထူးဂရုစိုက်၍သွားလာကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here