(၂) ရက်တာသင်ကြားမည့် Managing Internal and External Workplace Communications သင်တန်းဖွင့်လှစ်မည်

0
199

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိလက် အောက်ဝန်ထမ်းများနှင့် ဆက်ဆံရေးကောင်းမွန်စွာတည်ဆောက်နိုင်သော နည်းနာများအား သင်ကြားပို့ချမည့် Managing Internal and External Workplace Communications သင်တန်းကို မေ (၂၀) ရက်နှင့် (၂၁) ရက်တို့တွင် Mega Trends မှ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် လုပ်ငန်း/အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်ရန်၊ ပုံရိပ်ကောင်းမွန်ရန် ပျိုးထောင်ရမည့်နည်းလမ်းများကိုလည်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့ပြင် Internal Communications အဖြစ် The new organizational triangle , How to become an employer of choice through promoting internal communication , Building a strategic organization through employee relations , Increasing internal marketing and employee engagement တို့ကိုလည်း သင်ကြားပေးသွားမည်ဟုလည်း ဆိုသည်။

External Communications အဖြစ် Definition and essence of public relations Basic norms for public relations for marketing, HR,and front office staff Strategies for planning and implementation of PR campaigns and projects , Conducting strategic PR campaigns and projects တို့ကိုလည်း သင်ကြားမည်ဖြစ်သည်။

သင်တန်းဆရာများအဖြစ် ဦးကျော်စိုးဝင်းနှင့် ဦးအောင်မင်းတို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းကြေးအဖြစ် ငွေကျပ် (၁၅၀၀၀၀) သတ်မှတ်ထားကာ မေ (၁၀) ရက်အတွင်း သင်တန်းကြေးပေးသွင်းပါက သင်တန်းကြေးအဖြစ် ငွေကျပ် (၁၀၀၀၀၀) သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ပြီးပါက ဝန်ထမ်းများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်တည်ဆောက်ရမည့်အကြောင်းနှင့်မည်သို့တည်ဆောက်ရမည်၊ ဝန်ထမ်းများ၏ အသံ၊ခံစားမှု၊ အမြင်များ၏ အရေးကြီးပုံများကို သိရှိနားလည်သွားနိုင်စေခြင်း၊ မိမိအဖွဲ့အစည်း ပြင်ပရှိသူများ၏ အမြင်တွင် ပုံရိပ်ကောင်းတည်ဆောက်နိုင်ရန်နှင့်ဆက်ဆံရေးကောင်းတည်ဆောက်နိုင်မည့် နည်းနာများကို လက်တွေ့သိရှိနားလည်သွားနိုင်မည်ဟုလည်း သိရသည်။

အဆိုပါ သင်တန်းအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်(၁၉) ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here