ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ (၁၃၃) ခုကို ပိတ်သိမ်းရာမှ ပြန်လည်ဖြေလျော့ပေး

0
498

လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၁၃၃) ခုကို ပြန်လည်ဖြေလျှော့ပေးလိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အလုပ်အကိုင် အေဂျင်စီများသည် မြန်မာနိုင်ငံမှ အလုပ်သမားများအား ထိုင်းနိုင်ငံသို့ အဓိက စေလွှတ်သည့် အေဂျင်စီများဖြစ်ပြီး အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် ပိတ်သိမ်းထားခြင်းခံထားရာမှ ပြန်လည်ဖြေလျော့ပေးခဲ့ခြင်း ဖြစ်သည်။

ယင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် ထိုင်းနိုင်ငံသို့ သွားရောက်မည့် MoU လုပ်သားများအတွက် နိုင်ငံကူး လက်မှတ် လျှောက်ထားခြင်းကို ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တွင် လုပ်ဆောင်ခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်အရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (၁၃၃) ကို စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း၌ Blacklist စာရင်းသွင်းခဲ့ခြင်းဖြစ်ကာ ယခု ပြန်လည်ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အေဂျင်စီ (၁၃၃) ခုထဲမှ (၁၆) ခု အနေဖြင့် လာမည့် မေလ (၂) ရက်မှ စတင်ကာ ယခင်အတိုင်း အလုပ်ခေါ်စာ အသစ်များ လက်ခံကာ စာချုပ်အသစ်များချုပ်ဆိုနိုင်ပြီဖြစ်ကြောင်းလည်း အလုပ်သမား ဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် ကျန်ပြည်ပအလုပ်အကိုင် အေဂျင်စီ (၁၁၇) ခု အနေဖြင့် အလုပ်ခေါ်စာ အသစ်တစ်ခု စာချုပ်ချုပ်ဆိုမည်ဆိုပါက အလုပ်သမား (၁၀၀) ဦးသာချုပ်ဆိုရန် ကန့်သတ်ချက်ဖြင့် ခွင့်ပြုထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here