အိုင်းရစ်လူမျိုး တယောပညာရှင် Heloise Geoghegan ၊ အီတလီလူမျိုး စန္ဒရားပညာရှင် Gluseppe Andaloro နှင့် ချမ်းချမ်းတို့ပါဝင်ဖျော်ဖြေမည့် Music For Myanmar ဖျော်ဖြေပွဲ

1
161

chati

Link For Aid နှင့် Chatrium Hotel Royal Lake Yangon တို့ တင်ဆက်လိုက်သည့် Music For Myanmar ဖျော်ဖြေပွဲကို နိုဝင်ဘာ လ ၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲတွင် အိုင်းရစ် လူမျိုးတယောပညာရှင် Heloise Geoghegan နှင့် အီတလီလူမျိုး စန္ဒရားပညာရှင် Gluseppe Andaloro တို့အပြင် အထူးဧည့်သည်အဆိုတော် ချမ်းချမ်း တို့ ဖျော်ဖြေတင်ဆက်သွားမည်ဟု သိရသည်။

” ယခုပွဲသည် တေးဂီတဖျော်ဖြေ ပွဲအပြင် ညစာစားပွဲ၊ ဖက်ရှင်ပြပွဲ၊ ဇိမ်ခံရေလမ်းခရီးစဉ် River Cruise နှင့် အီတလီသို့ သွားရောက်လည်ပတ်ခွင့် လေယာဉ်လက်မှတ်တို့အ တွက် လေလံပွဲအပြင် စုစုပေါင်း ဒေါ်လာ ၃ဝဝဝ ကျော်တန်ဖိုးရှိတဲ့ ဆုမဲများပါဝင်မယ့် ကံစမ်းမဲအစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်” ဟု အဆိုပါရန်ပုံငွေပွဲကို ဦးစီးကျင်းပပြုလုပ်သော Link For Aid ၏ တည်ထောင်သူ Ms.Pamela McCourt Francescone မှ ပြောကြားခဲ့ပါသည်။

” Chatrium Hotel Royal Lake Yangon က CSR လုပ်ငန်းများကို အထူးအရေးပေးလုပ်ဆောင်နေတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ အခါအားလျော်စွာ မြန်မာ နိုင်ငံရှိ ဆင်းရဲနွမ်းပါးကလေးငယ်များ ရဲ့ ပညာရေးနှင့် ကျန်းမာရေးကို အဓိကထားလှူဒါန်းလျှက်ရှိပါတယ်။ အခုပွဲနှင့်စပ်လျဉ်း၍ လှူဒါန်းမှု များဟာ နဝရတ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကလေးငယ်များ ရဲ့ အနာဂတ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တစ် ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ပြီး ခဲ့တဲ့ နှစ်မှရရှိတဲ့ ရန်ပုံငွေများ ဖြင့်လည်း အခုနဝရတ်ကျောင်းမှာ ကျောင်းဆောင်သစ်တစ်ဆောင်ကို ၂ဝ၁၆ခုနှစ် မေလအတွင်းက ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဖြစ် ကြောင်း ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်” ဟု Chatrium ဟိုတယ်၏ အထွေထွေမန်နေဂျာ မမေမြတ်မွန် ဝင်းမှ ပြောကြားခဲ့ပါသည်။


1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here