လားရှိုးတွင် ဘုန်းကြီးကျောင်းအတွင်း မွေးထားသည့် ၀က်ဝံ၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

0
181

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့ရှိ နတ်ရေကန်ဘုန်းကြီးကျောင်းအတွင်း မွေးမြူထားသည့် ၀က်ဝံ၏ တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ယနေ့ ဧပြီ (၂၇) ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နတ်ရေကန်ဘုန်းကြီးအတွင်း မွေးထားသည့် ဝက်ဝံသည် ယနေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က ကလေးငယ်(မိန်းကလေး)တစ်ဦးအား ကိုက်ပြီး ကုတ်ဖဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် ကလေးငယ်သည် ကလေးသဘာ၀ အရ သွားရောက်စူးစမ်းရာမှ ဝက်ဝံ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ကလေးငယ်သည် လက်မောင်းနှင့် ခြေထောက်တို့မှာ ဆိုးရွားပြင်းထန်သည့် ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က ကူညီပြီး လားရှိုးဆေးရုံကြီး၏ အရေးပေါ်ဌာနမှ တဆင့် အရိုးကုသဆောင်သို့ အရေးပေါ် ပို့ဆောင်ပေးခဲဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here