ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း ထွက်ခွာ

0
162

မြန်မာ့လက်ရွေးစင် ယူ၂၂ အမျိုးသားဘောလုံးအသင်းသည် (၃၂) ကြိမ်မြောက် ဆီးဂိမ်းစ် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံသို့ ယမန်နေ့ (ဧပြီ ၂၇) ည ၇ နာရီက ထွက်ခွာသွားကြောင်း သိရသည်။

ဆီးဂိမ်းစ်အတွက် အပြီးသတ် ကစားသမား ၂၀ ဦးကို နည်းပြချုပ် Michael Feichtenbeiner ထုတ်ပြန်ခဲ့သည်။

အဆိုပါစာရင်းတွင် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရတနာပုံအသင်းမှ(၇)ဦး၊ ရန်ကုန်ယူနိုက်တက်အသင်းမှ (၄) ဦး၊ ဧရာဝတီယူနိုက်တက်အသင်းမှ (၃) ဦး၊ ဟံသာဝတီယူနိုက်တက်အသင်းမှ (၂) ဦး၊ ရှမ်းယူနိုက်တက်၊ မဟာယူနိုက်တက်နှင့် ကချင်ယူနိုက်တက်အသင်းတို့မှ တစ်ဦးစီ ရွေးချယ်ခံရပြီး မလေးရှားကလပ် ဆီလန်ဂေါအသင်းမှ တစ်ဦး ရွေးချယ်ခံထားရသည်ဟု သိရသည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တီမောအသင်းတို့နှင့် အုပ်စု(က)အတွင်း ကျရောက်နေပြီး ပွဲဦးထွက် ပွဲစဥ်အဖြစ် မေလ ၂ ရက်တွင် အရှေ့တီမောအသင်းနှင့် စတင်ရင်ဆိုင်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here