၂၀၂၄ – အာရှအမျိုးသမီး ယူ – ၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ‌အောင်ရေး အဆုံးအဖြတ်အဖြစ် မြန်မာနှင့် အိန္ဒိယ ယနေ့ ယှဉ်ပြိုင်ကစားမည်

0
323

၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ‌အောင်ရေး အဆုံးအဖြတ်အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယနေ့ ဧပြီ ၂၈ ညတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့၌ မြန်မာစံတော်ချိန် ည (၈) နာရီ (၃၀) မိနစ်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအုပ်စု (F)တွင် မြန်မာနှင့် အိန္ဒိယအသင်းတို့ (၁)ပွဲစီ ကစားပြီး ရမှတ်(၃)မှတ်စီဖြင့် တူညီနေကြပြီး ယနေ့ ပွဲစဥ်သည် ခြေစစ်ပွဲအောင်ရေး အဆုံးအဖြတ် ဖြစ်လာမည်ဖြစ်သည်။

မိနစ် (၉၀)အတွင်း သရေကျနေပါက ခြေစစ်ပွဲအောင်ရေး အနိုင်၊ အရူံးရလဒ်အတွက် ပင်နယ်တီဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်း အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ အင်ဒိုနီးရှား ( ၂၀၂၄ အာရှအမျိူးသမီး ယူ-၁၇ ပြိုင်ပွဲ အိမ်ရှင်)၊ တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here