ကညွှတ်ကွင်းတွင် လျှပ်စစ်ဝန်ထမ်း အရာရှိတစ်ဦး သေန တ်ဖြင့် ပစ်သတ်ခံရ

0
234

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ၊ ရန်ကုန် – မန္တ လေး ကားလမ်းဟောင်းအနီးတွင် ဧပြီ (၂၇) ရက် ညနေပိုင်းက လျှပ်စစ်ဝန်ထမ်းအရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ (၂၇) ရက် ညနေ (၅) နာရီခွဲခန့်ကရန်ကုန် – မန္တလေး လမ်းဟောင်း၏ မိုင်တိုင်အမှတ် ၁၁၄/၁ အနီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးနေသည့် အ မျိုးသား အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းအရ လုံ ခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြခြင်း ဖြ စ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ သေဆုံးနေသူသည် ကညွှတ်ကွင်းမြို့ရှိ လျှပ်စစ်ရုံး၌ တာဝန်ထမ်းဆောင်နေသည့် လျှပ်စစ်မှူး ဦးကျော်စံလင်း(၅၂)နှစ် ဖြစ်ကာ ရင်ညွန့်နှင့် မေးစေ့အော က်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိ၍ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းအား ကညွှတ်ကွ င်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် ပြစ် မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here