ထိုင်းအမျိုးသမီးတစ်ဦး သူငယ်ချင်း ၁၂ ယောက်ကို အဆိပ်ခပ်ပြီး သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီးခံရ

0
2414

ထိုင်းရဲတပ်ဖွဲ့ဟာ သူငယ်ချင်း ၁၂ ယောက်ကို ဆိုင်ယာနိုက်အဆိပ် အသုံးပြုပြီး သတ်ဖြတ်မှုအတွက် သံသယရှိသူ အမျိုးသမီးတစ်ဦးကို ယခုအပတ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ဆာရာရက် ရန်ဆီဝူတာပွန်းဟာ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့က လူသတ်မှု အပါအဝင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ပွားခဲ့တဲ့ လူသေမှုတွေအတွက်ပါ ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုခံထားရပါတယ်။

အခုလိုမျိုး လူသတ်တရားခံအဖြစ် သံသယဝင်ခံရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆီရီပွန်း ခန်းဝမ် သေဆုံးတာနဲ့ စတင်ခဲ့တာပါ။

ဆီရီပွန်းနဲ့ သံသယရှိသူ ဆာရာရက်တို့ဟာ ဧပြီလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံ အနောက်ပိုင်း ရက်ချာဘူရီပြည်နယ်ဆီ ခရီးထွက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ခရီးစဉ်အတွင်း မြစ်ကမ်းပါးနားမှာ ဘာသာရေး ကျင့်စဉ်တစ်ခုကို အတူတူ ပြုလုပ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆီရီပွန်ဟာ ကမ်းပါးပေါ်မှာ ရုတ်တရတ် လဲကျပြီး သေဆုံးသွားခဲ့တယ်။ ခွဲစိတ်မှုရလဒ်တွေအရတော့ ဆီရီပွန်းဟာ ဆိုင်ယာနိုက် အဆိပ်သင့်ပြီး နှလုံးခုန်ရပ်ကာ သေဆုံးသွားခဲ့တာပါ။

ရဲတွေကတော့ သေဆုံးသူရဲ့ ဖုန်း၊ ပိုက်ဆံနဲ့ အိတ်တွေပါ ပျောက်ဆုံးနေပြီး ဆာရာရက်ကို ဖမ်းမိတဲ့အချိန်မှာလည်း ဆိုင်ယာနိုက် ပုလင်းတစ်လုံး လက်ဝယ်ပိုင်ဆိုင်ထားတာကို တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာတော့ ရဲတွေက ဆာရာရက်ဟာ သူ့ရဲ့ ရည်းစားဟောင်း အပါအဝင် အခြားလူ ၁၁ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး သံသယဝင်လာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ၁၁ ဦးစလုံးရဲ့ သေဆုံးမှုဟာ ဆီရီပွန်း သေဆုံးပုံနဲ့ ဆင်တူနေတဲ့အတွက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ စုံထောက်တွေနဲ့ မှုခင်းဆေးပညာရှင်တွေဟာ အခြားလူတွေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်သေတွေ ရှာဖွေနေပါတယ်။ သက်သေတွေသာ ခိုင်လုံခဲ့ရင် ဆာရာရက်ဟာ ကွင်းဆက် လူသတ်သမားတစ်ဦး ဖြစ်လာမှာပါ။ ရဲတွေကတော့ ဆာရာရက်ဟာ ငွေကြေးအခြေအနေ‌ကြောင့် လူသတ်မှုတွေ ကျူးလွန်ခဲ့တာလို့ ယူဆထားပါတယ်။

Source: Independent


LEAVE A REPLY

Please enter your comment!
Please enter your name here