ချားလ်စ်ဘုရင်၏ နန်းတက်ပွဲအခမ်းအနားအစအဆုံးကို အယ်လ်ဘမ်ဖြင့်မှတ်တမ်းတင်ထားမည်

0
283

လန်ဒန်၊ဧပြီ ၂၈

လာမည့်လ၌ပြုလုပ်မည့် ဗြိတိန်ဘုရင်ချားလ်စ်၏ နန်းတက်ပွဲအစအဆုံးအား မှတ်တမ်းတင်ရိုက်ကူးထားကာ အယ်လ်ဘမ်ထုတ်မည်ဖြစ်ကြောင်းသိရပြီး ယခုကဲ့သို့ သမိုင်းဝင်အခမ်းအနားတစ်ခုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်ထားခြင်းအားဖြင့် ကမ္ဘာတစ်ဝန်းရှိပရိသတ်များအနေဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

အဆိုပါနန်းတက်ပွဲအခမ်းအနားအယ်လ်ဘမ်သည် လေးနာရီကြာမည်ဖြစ်ကြောင်းသိရပြီး အယ်လ်ဘမ်၌ နန်းတက်ပွဲအခမ်းအနားအတွင်းပြောမည့်မိန့်ခွန်းများ၊ ဓလေ့ထုံးတမ်းအတိုင်းဆောင်ရွက်ပုံများ၊ နန်းတက်ပွဲဂုဏ်ပြုတေးသီချင်းများအပါအဝင် ဘုရင်ချားလ်စ်ကိုယ်တိုင်စိစစ်ရွေးချယ်ပေးထားသည့် ဖျော်ဖြေရေးတေးသီချင်း ၁၂ ပုဒ်ပါ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

“ဒါဟာ ကျွန်တော်တို့ဗြိတိန်တော်ဝင်အခမ်းအနားရဲ့ ရိုးရာဓလေ့တွေကို ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစားကြည့်ရစေနိုင်မယ့် သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်လာမှာပါ၊ ဒါ့အပြင် ဝက်ဒ်မင်စတာအက်ဘီရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ကမ္ဘာတစ်ဝန်းကနေ အခမ်းအနားအစအဆုံးကြည့်ရှုခံစားနိုင်အောင် နည်းပညာမြင့်မြင့်နဲ့လုပ်ဆောင်ထားပါတယ်” ဟု ထုတ်လုပ်သူ အန်နာဘာရီကပြောကြားခဲ့သည်။

နန်းတက်ပွဲ၌ ဖျော်ဖြေမည့်တေးသီချင်းများအနက် နန်းတက်ပွဲအခမ်းအနားဂုဏ်ပြုတေးသီချင်းကိုမူ ဂီတအထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် မစ္စတာအန်ဒရူးလွိုက်ဝက်ဘ်ဘာ က ရေးစပ်ပေးထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here