မီးပြတ်နေစဉ် အပူချိန်များပြီး ချွေးထွက်လွန်ကာ မိသားစုဝင် (၄)ဦး မူးမေ့သတိလစ်မှု မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပွား

0
443

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းတွင် နေထိုင်သည့်မိသားစုဝင် (၄) ဦး နေအိမ်တိုက်ခန်းအတွင်း မီးပြတ်နေချိန် အပူချိန်များပြီး ချွေးထွက်လွန်ကာ မူးမေ့သတိလစ်မှု ဖြစ်ပွားခဲ့ကြောင်း လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့ (ကျီတော်) မှ သိရသည်။

ယနေ့ ဧပြီလ (၂၈) ရက်နေ့ နံနက် (၁) နာရီခွဲ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၄၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၁)နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသ က် (၇)နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် ချွေးထွက်လွန်ကာ မူးမေ့သတိလစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အကူညီတောင်းခံလာသည့်အတွက် ကျီတော်လူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဉ်နှစ်စီးဖြင့် မြေပင်ကုသမှုများ လုပ်ဆောင်ကာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ ကလေးငယ်အား ရန်ကုန်ဆေးရုံကြီးမှတဆင့် ကလေးဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်မှ လူနာများအားလုံး အခြေနေကောင်းမွန်နေပြီဖြစ်သဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here