တရားမဝင် အရောင်းအဝယ်မလုပ်ကြရန်နှင့် သတ်မှတ်ဈေးနှုန်းထက် အဆမတန်မြင့်မားစွာရောင်းချမှု မပြုလုပ်ကြရန် ရန်ကုန်ရွှေအသင်း မေတ္တာရပ်ခံ

0
335

ဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်မှုနှင့် ပတ်သက်၍ တရားမဝင်အရောင်းအဝယ်များမပြုကြရန်နှင့် သတ်မှတ်ဈေးနှုန်းထက်အဆမတန် ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ရန်ကုန်ရွှေအသင်းက မေတ္တာရပ်ခံထားသည်။

အသင်းရုံးတွင် ယနေ့ ဧပြီလ (၂၈) ရက်က ပြုလုပ်သည့် ရွှေဈေးနှုန်းတည်ငြိမ်စေရေး အစည်းအဝေးတွင်အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က မေတ္တာရပ်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြည်တွင်း ရွှေဈေးကွက်တွင် ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်နေပြီး ယမန်နေ့က ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဈေးမြင့်တက်မှုနှင့် ပတ်သက်၍ ရန်ကုန်ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉ သိန်းကျပ်အောက်ဖြင့်သာ ရောင်းချသင့်ကြောင်း စာထုတ်အကြံပြုခဲ့သည်။

ယင်းသို့ အကြံပြုချက် ထုတ်ပြန်ခဲ့ပြီးနောက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် ရွှေဈေးနှုန်းမှာ ၁၀၀၀၀ ကျပ်ဝန်းကျင် ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ (၂၈) ရက်၏ ရန်ကုန်တိုင်း ရွှေအသင်း ရည်ညွှန်းဈေးမှာ ၂၃၃၆၂၀၀ သိန်းကျပ်ဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးမှာ ၂၉၉၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here