ရန်ကုန်မြို့ရှိ Hotel နှင့် Shopping Center များ၌ လျှပ်စစ်သုံးကားများအတွက် Charging Station များတည်ဆောက်သွားမည်

0
209

ရန်ကုန်မြို့ရှိ Hotel နှင့် Shopping Center များ၌ လျှပ်စစ်သုံးကားများအတွက် Charging Station များတည်ဆောက်ရန် ညှိနှိုင်းအစည်းအဝေးအား ဧပြီ ၂၈ ရက်နေ့လည် ၁ နာရီက ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး တက်ရောက်ခဲ့ပြီး Charging Station များအားတာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ Hotel နှင့် Shopping Center များမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် EV ကားများကျယ်ပြန့်စွာအသုံးပြုနိုင်ရန် Hotel နှင့် Shopping Center များ၌ Charging Station များတပ်ဆင်နိုင်ရန်ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

“ရန်ကုန်မြို့ဟာ စီးပွားရေးအချက်အချာကျတဲ့ မြို့တော်ဖြစ်တာနဲ့အညီ လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာ EV ကားတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့ ဆောင်ရွက်ရပါမယ် လူဦးရေ အသွားအလာများတဲ့နေရာတွေမှာ Charging Station တွေတည်ဆောက်ဖို့လိုအပ်ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

Hotel နှင့် Shopping Center များမှတာဝန်ရှိသူများအနေဖြင့် EV Charging Station များအကောင်အထည်ဖော်တည်ဆောက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လည်း ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် Charging Station များအားတာဝန်ယူတည်ဆောက်ထားသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက နည်းပညာပိုင်းဆိုင်ရာအချက်အလက်များ၊တည်ဆောက်ထားသည့် Charging Station နေရာများကို ရှင်းလင်းတင်ပြကာ Hotel နှင့် Shopping Center များမှတာဝန်ရှိသူများကဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here