မြန်မာနိုင်ငံတွင် (၁၀) ရက်အတွင်း ကိုဗစ်ပိုးတွေ့ လူနာ (၅၀၀) ကျော်အထိ ရှိလာပြီး (၁) ဦးသေဆုံး

0
284

ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက်မြင့်တက်လာပြီး ဧပြီလ (၁၉) ရက်မှ (၂၈) ရက်အတွင်း ပိုးတွေ့လူနာ (၅၀၀) ကျော်ရှိလာကာ သေဆုံးသူ (၁) ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယမန်နေ့ ဧပြီလ (၂၈) ရက် ညပိုင်းက ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၇၇) ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ (၁) ဦး ရှိကြောင်းသိရသည်။

သင်္ကြန်ကာလအပြီးမှ ပြည်တွင်း၌ တကျော့ပြန် ကိုဗစ်ပိုးတွေ့လူနာ အရေအတွက်မှာ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ပြီး ကူးစက်ခံရသူများထဲတွင် ပြည်တွင်းကူးစက်မှုပိုများကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်များအရ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ရရှိသည့် စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဧပြီလ (၁၉) ရက်တွင် ပိုးတွေ့လူနာ (၃၉) ဦး၊ (၂၀) ရက်တွင် (၃၀) ဦး၊ (၂၁) ရက်တွင် (၁၅) ဦး၊ (၂၂) ရက်တွင် (၄၆) ဦး၊ (၂၃) ရက်တွင် (၄၅) ဦး၊ (၂၄) ရက်တွင် (၅၁) ဦးနှင့် (၂၅) ရက်တွင် (၇၁) ဦး၊ (၂၆) ရက်တွင် (၆၈) ဦး၊ (၂၇) ရက်တွင် (၆၀) ဦးနှင့် (၂၈) ရက်တွင်(၇၇) ဦးစုစုပေါင်း (၅၀၂) ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကိုဗစ်‌ရောဂါပိုး ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာနေသည့်အတွက် နာတာရှည်ရောဂါအခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးကြပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူထူထပ်သောနေရာများနှင့် အလုံပိတ်နေရာများသို့ သွားရောက်ပါက ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင် အသုံးပြုကြရန်ကျ န်းမာရေးဝန်ကြီးဌာနက အသိပေးညွှန်ကြားထားသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာများ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ဆက်သွယ်၍ လိုအပ်သည့်စစ်ဆေးကုသမှုကို ခံယူကြရန်နှင့် အခြားသူများကို ထပ်ဆင့်ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကာ မိမိနေအိ မ်တွင် အသွားအလာကန့်သတ်၍ နေထိုင်ကြရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here