မြန်မာအမျိုးသမီးအသင်း ၂၀၂၄ အာရှ ယူ-၁၇ ပြိုင်ပွဲတွင် ပထမအဆင့် ခြေစစ်ပွဲ‌အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

0
547

၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ‌အောင်ရေး အဆုံးအဖြတ်အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယမန်‌နေ့ ဧပြီ (၂၈) ညက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ပွဲစဉ်တွင် အိန္ဒိယအသင်းက မြန်မာအသင်းကို ၂ ဂိုး (၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရမှတ် (၆) မှတ်ဖြင့် နောက်တစ်ဆင့်တက်ရောက်သွားခဲ့ကာ မြန်မာအသင်းမှာ ပထမအဆင့် ခြေစစ်ပွဲ‌အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အိန္ဒိယအသင်းသည် ပထမပိုင်းတွင်ပင် မြန်မာအသင်း၏ ခံစစ်အားနည်းချက်ကြောင့်(၂)ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် မြန်မာအသင်း၏ ကစားပုံ ပိုမိုကောင်းမွန်လာသည့်အတွက် ချေပဂိုး (၁) ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း လိုအပ်နေသည့်ဂိုးများ ပြန်လည်မသွင်းယူနိုင်ခဲ့သည့်အတွက် ယခုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းလည်းဖြစ်သည်။

အဆိုပါ ပွဲစဉ်အတွင်း ပွဲပြီးဆုံးခါနီးအချိန်တွင် နှစ်ဖက်ကစားသမားများ အချင်းများခဲ့သည်ကိုလည်း တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here