မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ တိုက်ဖျက်ရေး အပါအဝင် မြန်မာ – တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်‌အေးချမ်းရေးအတွက် ဆွေးနွေး

0
719

တရုတ် – မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးအပါအဝင် မူးယစ်ဆေးဝါး၊ လူကုန်မှုများနှင့် တရားမဝင်လောင်းကစားများ တိုက်ဖျက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နစက ဒုဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ သံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ (၂၈) ရက် မွန်းလွဲပိုင်းတွင် နစက ဒု-ဥက္က ဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai တို့ နေပြည်တော်တွင် တွေ့ ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာကိစ္စများ၊ နယ်စပ်ဒေသ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်၍ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တ ည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး၊ တရားမဝင်လောင်းကစားမှု၊ အွန်လိုင်းဂိမ်းနှင့် လူကုန်ကူးမှုများ တိုက်ဖျက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဒု-ဥက္ကဋ္ဌနှင့် အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ၊တရုတ်နိုင်ငံသံအမတ်ကြီးနှင့်အတူ စီးပွားရေးသံမှူး Mr.Tab Shufu နှင့်တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here