ပုပ်ရဟန်းမင်းကြီးအား ယူကရိန်းသို့ အလည်အပတ် လာရောက်ရန် ယူကရိန်းဝန်ကြီးချုပ် ဖိတ်ခေါ်

0
149

ရောမ၊ ဧပြီ ၂၈

ယူကရိန်း ဝန်ကြီးချုပ် ဒဲနစ် ရှမဲလ် သည် ဧပြီလ ၂၇ ရက် ကြာသပတေးနေ့တွင် ဗာတီကန်မြို့၌ ပုပ်ရဟန်းမင်ကြီး ဖရန်စစ်နှင့် တွေ့ဆုံစဉ် ၎င်းနိုင်ငံသို့ အလည်အပတ် လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ရုရှားနိုင်ငံသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရသော ကလေးများအား ပြန်ပို့ရာတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။

“ပုပ်ရဟန်းမင်းကြီးကို ယူကရိန်းသို့ လူကိုယ်တိုင် ကြွချီဖို့ ဖိတ်ကြားခဲ့ပါတယ်” ဟု ရှမဲလ် က ရောမမြို့ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းရှိ စစ်ပွဲအဆုံးသတ်စေရေးအတွက် ဇလန်းစကီးက အဆိုပြုထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သူက ပြောခဲ့သည်။

အဆိုပါဆွေးနွေးမှုအတွင်း ကိယက်ဗ်၏ ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်စေရန်အတွက် ဗာတီကန်မှ ကူညီပေးနိုင်သည့် အရာများကိုပါ အသေးစိတ် ဆွေးနွေးခဲ့သည်ဟု သူကဆိုသည်။ ဥပမာအားဖြင့် ရုရှားရောက် ယူကရိန်းကလေးငယ်များကို အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး ကိစ္စရပ်များတွင် ပါဝင်ကူညီပေးရန်အတွက် တောင်းဆိုခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောလာသည်။

ကိယက်ဗ်၏ ပြောဆိုချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရုရှားသို့ ယူကရိန်းကလေးငယ် အယောက် ၁၆,၀၀၀ ကျော် အတင်းဓမ္မ ပို့ဆောင်ခံထားရကြောင်း သိရသည်။ ထိုကိစ္စကြောင့်ပင် ရုရှားသမ္မတ ပူတင်အား နိုင်ငံတကာ ရာဇဝတ်တရားရုံးက ယခုနှစ် မတ်လတွင် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here