အလုပ်အကိုင် အခွင့်အလမ်း (၁၆၃) နေရာအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂)ခု ခွင့်ပြု

0
127

ပြည်တွင်းရှိ အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း (၁၆၃) နေရာရရှိမည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကိုခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ တန်ဖိုးမြှင့် ရာဘာကုန်ကြမ်းများအား ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းနှင့် ဂျပ်ဖာများထုတ်လုပ်၍ (၁၀၀) ရာခိုင်နှုန်း ပြည်တွင်းရောင်းချခြင်း လုပ်ငန်းများ လုပ်ကြမည့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာကျပ်ငွေ (၂၅၀၀) သန်းနှင့် အမေရိကန်ဒေါ်လာ (၁) သန်းဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ထို့အပြင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၇) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးခဲ့ကြပြီး အဆိုပါလုပ်ငန်း (၁၇)ခုမှ လုပ်ငန်း (၄) ခုကို စုစုပေါင်းမတည် ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်း တိုးမြှင့်ခွင့်ကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here