၁၁ နှစ်ကြာအောင် ခန္ဓာကိုယ်ထဲ အပ်စိုက်ကျန်ခဲ့, နာကျင်မှုဒဏ် ခံစားခဲ့ရ

0
319

၁၁ နှစ်ကြာအောင် အလွန်ပြင်းထန်တဲ့ နာကျင်မှုဒဏ်ကို ခံစားနေရတဲ့ ကိုလံဘီယာက မိခင်တစ်ဦးဟာ သူ့ရဲ့ ဝမ်းဗိုက်ထဲမှာ အပ်နဲ့ အပ်ချည်ကြိုးတစ်ချောင်း စိုက်ကျန်နေမှန်း အံ့အားသင့်စွာ သိရှိခဲ့ရပါတယ်။

အသက် ၃၉ နှစ်အရွယ် မာရီယာ အာဒါလင်ဒါ ဟာ ၂၀၁၂ ခုနှစ်မှာ ကိုယ်ဝန် ထပ်မဆောင်နိုင်အောင် သားအိမ်ပြွန်ကို ကြိုးနဲ့ချည်တဲ့ ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ခွဲစိတ်မှုလုပ်ပြီး ရက်အနည်းအကြာမှာ မာရီယာ ဟာ အလွန်နာကျင်တဲ့ ဝေဒနာဒဏ်ကို တဖြည်းဖြည်း ခံစားလာရပါတယ်။ အကိုက်ခဲပျောက်ဆေးတွေ တစ်မျိုးပြီး တစ်မျိုး သောက်ခဲ့ပေမယ့် ဝေဒနာကတော့ မသက်သာသွားပါဖူး။ ဘယ်လောက်ထိအောင် ဆိုးလာသလဲဆိုရင် မကြာခဏ ညဘက် အိပ်မရတာမျိုး၊ လှုပ်ရှားလို့ မရတာမျိုး ဖြစ်တဲ့အထိ နာကျင်မှုဒဏ်က ပြင်းထန်ခဲ့ပါတယ်။ ဒီဒဏ်ကြောင့်ပဲ အလုပ်တွေလည်း ပြောင်းခဲ့ရတယ်။

ဒီလိုနဲ့ ၁၁ နှစ်ကြာပြီးနောက်မှာ မာရီယာဟာ ရွာကနေ မြို့တက်ပြီး အာထရာဆောင်းနဲ့ အမ်အာအိုင် ရိုက်ခဲ့ပါတယ်။ အဲဒီမှာ တွေ့လိုက်ရတာက မာရီယာ အခုလိုမျိုး နာကျင်နေတာဟာ ခွဲစိတ်တုန်းက ဆရာဝန် မေ့ကျန်ခဲ့တဲ့ အပ်နဲ့ အပ်ချည်ကြိုးကြောင့် ဖြစ်တယ်ဆိုတာပါပဲ။

လူရဲ့ ခန္ဓာကိုယ်အတွင်းမှာ အခုလိုမျိုး အပြင်က ပစ္စည်းတွေ ကျန်ရစ်တာက အချိန်ကြာလာတာနဲအမျှ ကင်ဆာလိုမျိုး ရောဂါဝေဒနာတွေ ခံစားရတဲ့အထိ ပြင်းထန်လာနိုင်ပါတယ်။ လက်ရှိမှာတော့ မာရီယာဟာ သူ့ဗိုက်ထဲက အပ်နဲ့ အပ်ချည်ကြိုးကို ဖယ်ထုတ်ဖို့အတွက် စောင့်ဆိုင်းနေပါတယ်။ နှစ်အတော်ကြာ ကျန်ရစ်နေခဲ့တဲ့အတွက် လွယ်ကူတဲ့ ခွဲစိတ်မှုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

Source: Mirror


LEAVE A REPLY

Please enter your comment!
Please enter your name here