UAE အာကာသယာဉ်မှူးသည် ပထမဆုံးအာကာသထဲတွင် လမ်းလျှောက်သော အာရပ်အာကာသယာဉ်မှူးဖြစ်လာ

0
181

အာရပ်စော်ဘွားများသမ္မတနိုင်ငံ(UAE)မှ အာကာသယာဉ်မှူး ဆူလ်တန်အယ်လ်နေယာဒီသည် အာကာသထဲတွင် လမ်းလျှောက်ခြင်းအစီအစဉ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ သူသည် အာရပ်နိုင်ငံများမှ ပထမဆုံး အာကာသထဲတွင် လမ်းလျှောက်သော အာကာသယာဉ်မှူးဖြစ်လာခဲ့သည်။

ဆူလ်တန်အယ်လ်နေယာဒီသည် နာဆာ အာကာသယာဉ်မှူး စတိဗ်ဘိုဝင်နှင့်အတူအတွဲ၍ နိုင်ငံတကာအာကာသစခန်း၏ စွမ်းအင်ထုတ်လုပ်ရေးစနစ်ကို အဆင့်မြှင့်ရန်အတွက် ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အာကာသထဲ၌ လမ်းလျှောက်သွားလာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်ကို ဧပြီ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ကာ၊ ၆နာရီခွဲမျှ ကြာမြင့်ခဲ့ကြောင်းသိရသည်။

UAE အာကာသယာဉ်မှူး၏ အောင်မြင်မှုသည် အာကာသစူးစမ်းလေ့လာရေးတွင် အာရပ်နိုင်ငံများ၏ ပူးပေါင်းပါဝင်မှုအတွက် ကြီးမားသော ခြေလှမ်းသစ်တစ်ခုဖြစ်ကာ၊ အနာဂတ်မျိုးဆက်များအား စိတ်အားထက်သန်မှုပေါ်ပေါက်လာစေရန် လှုံ့ဆော်ပေးသော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ဆိုကြသည်။

Ref: Emirati astronaut becomes first Arab to perform spacewalk outside International Space Station


LEAVE A REPLY

Please enter your comment!
Please enter your name here