တွင်းထွက်ရတနာပစ္စည်း ၂၆ မျိုးအား အသောကာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော်မှ နိုင်ငံတော်အတွက်လှူဒါန်း

0
352

မွန်ပြည်နယ်၊မုဒုံမြို့၊မြို့မ(၃)ရပ်ကွက်ရှိ အသောကာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော်မှ နှစ် ရှည်လများထိန်းသိမ်းလာခဲ့သည့် တွင်းထွက်သယံဇာတရတနာပစ္စည်း ၂၆ မျိုးအား ဧပြီ ၂၉ ရက်နံနက် ၁၁ နာရီက လှူဒါန်းခဲ့သည်။

မုဒုံမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးတည်တံ့ခိုင်မာစွာထွန်းလင်းတောက်ပစေရန်၊ဘာသာရေး၊သာသနာရေးနှင့်နိုင်ငံတော်အတွက် ဆရာတော်ကြီးမှလှူဒါန်းခဲ့ခြင်းဖြစ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမှလက်ခံရယူခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူ အသောကာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော် အရှင်မင်္ဂလာဘိဝံသအားပူဇော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆရာတော်ကြီးမှ မိုးကုတ်တွင်းထွက်ရတနာပစ္စည်း ၂ မျိုး ၊ B.G ကျောက် ၂၄ လုံး၊ကျောက်နီရောင်စုံအသေး ၁ ထုပ်၊ကျောက်စိမ်းအသေးရောင်စုံ ၁ ထုပ်၊အစိမ်းရောင်လုံး ၁ လုံးရမ်းရောင်ကျောက်အကြမ်း ၁ ထုပ်၊ဆင်မြီးကျောက်ပါလက်ကောက် ၁ ခု၊ဆွဲကြိုး ၁ ခု၊မဟူရာအမဲ ၃ ခု၊ကျောက်စိမ်းပြား ၃ ပြား၊ရွှေ ရောင်ပါကျောက်ဖြူလုံးချော ၁၈ လုံး၊ခရမ်းချိုချဉ်အနီရောင်ကျောက် ၇ လုံး၊မျက်နှာတော်ပုံကျောက်နီ ၁ ခု၊ကျောက် စိမ်းအရိုင်းတုံး ၁ တုံး၊ သလင်းရိုင်းတုံး ၁ တုံး၊ နီလာသေးလုံးချောများ၁ ထုပ်၊ကြောင်ကျောက်လုံးချော ၃ လုံး၊ကျောက် စိမ်းအရိုင်းတုံးအသေး ၁၃ လုံး၊ ကျောက်နီအရိုင်းတုံး ၆ တုံး၊အစိမ်းရောင်ရေခဲသားကြီး ၁ လုံး၊အသေး ၁ လုံး(၁၈ မျိုး)နှင့်အခြားတွင်းထွက်ပစ္စည်း ၆ မျိုး(စုစုပေါင်း တွင်းထွက်ရတနာ ၂၆ မျိုး)အား ပြန်လည်လှူဒါန်းခဲ့သည်။

ထို့နောက် ဆရာတော်ကြီး၊ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေကာ သာဓုခေါ်ဆိုခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here