နွားထိုးကြီးမြို့နယ်တွင် Drop Bomb ၂ လုံး ပေါက်ကွဲ အမျိုးသမီးတစ်ဦးဒဏ်ရာရ

0
178

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ထန်းဇင်ကျေးရွာအနီးတွင် ဧပြီ ၂၉ ရက်ည ၇ နာရီခွဲကျော်ခန့်က Drop Bomb ၂ လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များမှ ထန်းဇင်ကျေးရွာသို့ Drone ယာဥ်အသုံးပြုကာ Drop Bomb ၂ လုံးဖြင့်ပစ်ချဖောက်ခွဲခဲ့ရာ Drop Bomb ၁ လုံးသည် ထန်းဇင်ကျေးရွာအနီးရှိ ဓာတ်ငွေ့ပိုက်လိုင်း၏ အရှေ့ဘက် ၁၅ ပေခန့်အကွာတွင် ပေါက်ကွဲခဲ့သည်။

ထို့ပြင် ဓာတ်ငွေ့ ပိုက်လိုင်း၏ အနောက်ဘက်ပေ ၂၀ ခန့်အကွာရှိ သွပ်မိုး/ထရံကာ မြေစိုက်တဲပေါ်သို့လည်း Drop Bomb ၁ လုံး ကျရောက်ပေါက်ကွဲခဲ့၍ မလှိုင်းဘိုဘို(၂၇)နှစ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“တောင်သူအလုပ်လုပ်တဲ့အမျိုးသမီးရဲ့ ခေါင်းနဲ့ဘယ်ဘက်လက်မောင်းမှာ ဗုံးစထိမှန်ဒဏ်ရာတွေရသွားပါတယ် မစိုးရိမ်ရပါဘူး ဆေးကုသမှုခံယူနေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်အားလုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here