ပြည်ကြီးတံခွန်မြို့နယ်၌ လက်ဖက်ရည်သောက်နေသူ ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ ၁ ဦးသေဆုံး

0
180

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်၊ ၅၆ လမ်းနှင့် ၁၁၇(A)လမ်းထောင့်ရှိ “အောင် ကဖေး”လက်ဖက်ရည်ဆိုင်တွင် ဧပြီ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စကူဖီဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက “အောင် ကဖေး”လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ လက်ဖက်ရည်သောက်နေသည့် အမျိုးသား ၂ ဦးအား သေနတ်ဖြင့်ပစ် ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် စိုင်းအောင်ကျော် (ခ)စိန်မေတ္တာ(ခ)စိုးအောင်(၃၅)နှစ်တွင် နောက်စေ့ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့်ကိုလင်း(ခ)ဖိုးစီ(၃၅)နှစ်တွင် ဘယ်ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြကြောင်း သိရသည်။

“သေနတ်နဲ့ပစ်ခံရတဲ့ ၂ ယောက်ကို မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ပေးခဲ့ပါတယ် ဆေးကုသမှုခံယူနေတုန်း ကိုလင်း(ခ)ဖိုးစီက ရရှိထားတဲ့ဒဏ်ရာနဲ့သေဆုံးသွားပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here