အိန္ဒိယနိုင်ငံပန်ဂျပ်ပြည်နယ်၌ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၁ ဦးသေဆုံး

0
121

ပန်ဂျပ်၊ဧပြီ ၃၀

အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းပန်ဂျပ်ပြည်နယ်၌ တနင်္ဂနွေနေ့မနက်ပိုင်းက ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးပြီး အများအပြား မှာ စိုးရိမ်ရသဖြင့် ဆေးရုံတင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 

သေဆုံးသူ ၁၁ ယောက်ထဲ၌ ကလေး ၂ ယောက်ပါဝင်ကြောင်းလည်းသိရသည်။ဓာတ်ငွေ့ယိုစိမ့်ရသည့် အကြောင်းအရင်းနှင့်ဓာတ်ငွေ့အမျိုးအစားကို အတိအကျမသိရသေးကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ 

ယခုအချိန်၌ အခင်းဖြစ်ဧရိယာကို ပိတ်ဆို့ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ဆရာဝန်များနှင့်မီးသတ်တပ်ဖွဲ့များအပါအဝင် အခင်းဖြစ်ပွားရာနေရာသို့ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များအား အမြန်ပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။

သေဆုံးသူများ၌ ကလေးနှစ်ဦးအပါအဝင် အမျိုးသားခြောက်ဦးနှင့်အမျိုးသမီးငါးဦးတို့ပါဝင်သည်ဟုသိရသည်။လူနာများကိုမူ ဆေးရုံတင်ထားသည်ဟုလည်းတာဝန်ရှိသူများကဆိုသည်။

ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာနေရာ၏ မီတာ ၃၀၀ အကွာအဝေး၌ အသက်ရှူရန်ခက်ခဲနေသဖြင့်အခြားဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့နေထိုင်ရန်လည်း တာဝန်ရှိသူများကညွှန်ကြားထားပြီး လိုအပ်သည့်အကူအညီများပေးအပ်ကူညီပေးနေကြောင်းသိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here