မိုင်းပျဉ်း – မက်မန်းသွား ကားလမ်းတွင် SKAT ကားပေါ်မှ ငွေကျပ်သိန်း (၁၆၀၀) ခန့် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) များဖမ်းမိ

0
185

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ဝမ်းဖြစ်ကျေးရွာအနီးရှိ မိုင်းပျဉ်း – မက်မန်းသွားကားလမ်းတွင် လုံခြုံရေးအဖွဲ့ဝင်များမှ ဧပြီ (၂၈) ရက်နေ့လည် (၁)နာရီခွဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုင်းပျဉ်း – မက်မန်းသွားကားလမ်းတွင် အိုက်တိန် မောင်းနှင်ကာ အိုက်ငဲနှင့် နာလိန်(၃၈)နှစ်တို့ လိုက်ပါလာသည့် SKAT ကားအားစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အိုက်တိန်နှင့် အိုက်ငဲ တို့မှာ ကားကိုထားကာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက နာလိန်အားဖမ်းဆီးရမိခဲ့ပြီး ကားအားစစ်ဆေးရာ ကားပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ငွေကျပ်သိန်း ၁၅ ၈၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း)အလေးချိန် ၁၉၇၅ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

၎င်းအား စစ်ဆေးချက်အရ နေ့လည် (၁) နာရီ (၄၅) မိနစ်ခန့်တွင် ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) များ အားသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် စိုင်းအောင်စိန် (၃၅) နှစ်နှင့်စိုင်းဆွေဖူး (၃၃) နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများနှင့် ထွက်ပြေးတိမ်းရှောင်သွားသူ (၂) ဦးတို့အား မိုင်းပျဉ်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here