တာချီလိတ်လေဆိပ်အား လေယာဉ်ကြီးများဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်သွားမည်

0
100

တာချီလိတ်လေဆိပ်အား လေယာဥ်ကြီးများဆင်းသက်နိုင်သည်အထိတိုးချဲ့ရန် လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဧပြီ ၂၉ ရက်မွန်းလွဲပိုင်းက တာချီလိတ်လေယာဉ်ကွင်း၊လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုကိုကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။​လေဆိပ်အဆင့်မြှင့်တင်​နေမူများသတ်မှတ်ချိန်အတွင်းပြီးစီးအောင်ဆောင်ရွက်နိုင်​​ရေးတာချီလိတ်​ရောက်စဥ်တွန်းအား​ပေးခဲ့သည်။

တာချီလိတ်မြို့သန့်ရှင်းသာယာလှပရန် စနစ်တကျဆောင်ရွက်​ရေး၊ သောက်သုံးရေလုံ လောက်စွာရရှိရန် မိုးရေများစုဆောင်းခြင်းနှင့်ရေထွက်နေရာများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်​ရေး၊ဒေသအတွင်း အသား၊ငါးများ လုံလောက်စွာရရှိရန် မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်​​ရေး၊ နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်များတင်ပို့နိုင်မှုကို မှတ်တမ်းတင်ထား၍ သုတေသနပြုကာ ကုန်သွယ်မှုလုပ်ငန်းများတိုးတက်​အောင်လုပ်​ဆောင်​ရေး၊ဒေသတွင်း ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကာ တာချီလိတ်မြို့သို့ မော်တော်ယာဉ်၊လေယာဉ်များဖြင့်ဝင်ရောက်လာသူများကို စနစ်တကျမှတ်တမ်းတင်​ရေးတို့ကို​ဆွေး​နွေးမှာကြားခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် တောင်ယာများမီးရှို့ခြင်းမှထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်အား မတ်လနှင့်ဧပြီလတို့တွင် ရက် ၂၀ ကျော်ကြာပိတ်ခဲ့ရ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တောင်ယာများ မီးရှို့ခြင်းနှင့်လယ်ယာများ၌ ကောက်ရိုးများမီးရှို့ခြင်းမရှိစေရန် ထိန်းသိမ်းကြပ်မတ်​ရေးကိစ္စ၊ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုစနစ်ပပျောက်ရေးဆောင်ရွက်ရမည်ဖြစ်ကာ တောင်ယာများ၌ ကုန်းမြင့်လယ်စိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်ပေးပြီး ဒေသအစိုးရအဖွဲ့၏တာဝန်ရှိသူများမှ စနစ်တကျလုပ်​ဆောင်​ပေး​ရေးတို့ကို နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here