အောင်ဘာလေ အထူးဆုကြီး (၂) ဆုကို မဟာလာဘံထီဆိုင်မှ ဆွတ်ခူးခဲ့

0
136

ယနေ့မေလ (၁) ရက်တွင် (၅၀) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုများ ဖွင့်ခဲ့ရာ အထူးဆုကြီး (၂) ဆုကို မဟာလာဘံထီဆိုင်မှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ရောင်းရသည့် အရေအတွက်မှ ရောင်းရငွေ ၇၀ ရာခိုင်နှုန်းကို ကျပ်သိန်း (၅၀၀၀) ဆု (၁)ဆု၊ ကျပ်သိန်း (၁၀၀၀) ဆု (၁) ဆုနှင့် ဆုတစ်ဆုချင်း စနစ်ဖြစ်သည့် ကျပ်သိန်း(၅၀၀)၊ ကျပ်သိန်း (၂၀၀)၊ ကျပ်သိန်း(၁၀၀)၊ ကျပ်သိန်း (၅၀) ၊ ကျပ်သိန်း(၂၀) ၊ ကျပ်သိန်း (၁၀) နှင့် ‌ဝေဝေ ဆာဆာ ပဒေသာစုမဲများ ဖြစ်သည့် ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း၊ ကျပ် (၁)သိန်း၊ ကျပ် (၅) သောင်းနှင့် ကျပ် (၁) သောင်းဆုတို့ကို ချီးမြှင့်ပေးခြင်းဖြစ်သည်။

ယင်းအပြင် ဘဏ္ဍာသိမ်းရငွေထဲမှ ကျပ် (၁၀) သိန်း၊ ကျပ် (၃) သိန်း၊ ကျပ်(၂) သိန်းဆုတို့ကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here