ဆူဒန်တွင် အခြေအနေပိုမိုဆိုးရွားလာသဖြင့် ဂူတားရက်စ်က သူ့လက်ထောက်ကိုစေလွှတ်

0
232

ဆူဒန်နိုင်ငံ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာသဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က သူ၏ လက်ထောက်ဖြစ်သူ မာတင်ဂရစ်ဖစ်ကို ဆူဒန်သို့ စေလွှတ်ရန် အမိန့်ပေးလိုက်ကြောင်း ကုလပြောခွင့်ရပုဂ္ဂိုလ် စတက်ဖနီဒူဂျားရစ်က သတင်းထုတ်ပြန်သည်။

“ဆူဒန်တွင် လျင်မြန်စွာ ဆိုးရွားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြောင့် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ အကြီးအကဲ မာတင်ဂရစ်ဖစ်ကို ယင်းဒေသတွင်းသို့ ချက်ချင်းစေလွှတ်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆူဒန်တွင် ပြန့်နှံ့နေသည့် ဆိုးရွားမှု အတိုင်းအတာနှင့် အရှိန်သည် မကြုံစဖူးပင်ဖြစ်သည်” ဟု ဒူဂျားရစ်၏ ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။ “ဆူဒန်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သောဒေသရှိ လူအားလုံးအပေါ် လက်ငင်းနှင့် ရေရှည်အကျိုးသက်ရောက်မှုများအပေါ် ကျွန်ုပ်တို့ အလွန်စိုးရိမ်ပါသည်”ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

Ref: UN chief Guterres sends his deputy Griffiths to Sudan in light of recent escalations


LEAVE A REPLY

Please enter your comment!
Please enter your name here