မိုးရွာသွန်းချိန် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ သစ်ပင်အား ဝင်တိုက်မိ၍ (၁)ဦးသေဆုံး (၆) ဦးဒဏ်ရာရ

0
111

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ နောင်ငင်းကျေးရွာအနီးရှိ ကျိုင်းတုံ – မိုင်းလားသွား ကားလမ်းပေါ်တွင် မေ (၁) ရက် ယနေ့နံနက် (၉) နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းနေနာရေးကူညီမှုအသင်းတို့မှ သိရသည်။

ဖြစ်စဉ်မှာ အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၂) ဦးလိုက်ပါလာသောကားသည် ကျိုင်းတုံ – မိုင်းလားလမ်းအတိုင်း မိုင်းလားဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာစဥ် နောင်ငင်းကျေးရွာအနီးအရောက်တွင် စလစ်ဖြစ်ကာအ ရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျပြီး သစ်ပင်အားဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်အား ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ တိုင်းနေနာရေးကူညီမှုအသင်းဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားပေါ်က အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာတွေရပြီး သေဆုံးသွားပါတယ်။ ရုပ်အလောင်းကိုတော့ ကျိုင်းတုံဆေးရုံရင်ခွဲရုံကို ပို့ပေးထားပါတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၂) ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တိုင်းနေနာရေးကူညီမှုအသင်းမှ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here