ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အပူချိန် (၁.၅) ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုတိုးနိုင်ဟု မိုး/ဇလထုတ်ပြန်

0
221

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် အပူချိန် (၁.၅) ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုတိုးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပို င်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြ ည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း အသိပေးထားသ ည်။

အပူချိန်မြင့်တက်မှုကြောင့် အပူလျှပ် သတိလစ်ပြီး သေဆုံးမှုတွေရှိခဲ့သည့်အပြင် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆောင်ရန် ရှောင်ရန်များကိုစနစ် တကျ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးကြေညာထားသည်။

အပူချိန်အမြင့်ဆုံးဖြစ်သည့် မွန်းတည့် (၁၂) နာရီကနေ နေ့လယ် (၃) နာရီအချိန်ထိ အပြင်မထွက်ရန် လိုအပ်ပြီး အပြင်သို့ မဖြစ်မနေထွက်ရမည်ဆိုပါက အကာအကွယ်၊ ထီး၊ ဦးထုပ်ဆောင်းသွားရန်၊ ခန္ဓာကိုယ်ဓာတ်ဆားရည်မဆုံးရှုးစေရန် ဓာတ်ဆားရည်ပြန်လည်ဖြည့်တင်းရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here